ပုဒ်မ ၁၁၀
ပုဒ်မ ၁၁၀
အားပေးကူညီသူ၏ ကြံရွယ်ချက်နှင့်ကွဲလွဲသော ကြံရွယ်ချက်ဖြင့် အားပေးကူညီခံရသူ ကျူးလွန်သည့် ပြစ်မှုအတွက် အားပေးကူညီသူခံရမည့် ပြစ်ဒဏ်

မည်သူမဆို ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီရာတွင် အားပေးကူညီခြင်းခံရသူက အားပေးကူညီ သူ၏ ကြံရွယ်ချက်အတိုင်း သို့မဟုတ် အသိဉာဏ်အတိုင်းမဟုတ်ဘဲ ကွဲလွဲသော ကြံရွယ်ချက်ဖြင့် သို့မဟုတ် အသိဉာဏ်ဖြင့်ပြုသော်လည်း အားပေးကူညီသူသည် အကယ်၍ အားပေးကူညီသူ၏ ကြံရွယ် ချက်ဖြင့် သို့မဟုတ် အသိဉာဏ်ဖြင့် အားပေးကူညီခြင်းခံရသူက ပြုခဲ့သော် ကျူးလွန်ခြင်းဖြစ်နိုင်မည့် ပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံစေရမည်။


ကျင့်ထုံး