မည်သူမဆို ထောင်ဒဏ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်ခြင်းအားလွယ်ကူစေရန် ကြံရွယ်၍ သော်လည်းကောင်း၊ လွယ်ကူအောင် မိမိက ဖြစ်စေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ပြုလုပ်မှုဖြင့်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သော ပျက်ကွက်မှု ပြုခြင်းဖြင့်ဖြစ်စေ ထိုပြစ်မှုကျူးလွန်ရန် စီစဉ်ချက်ရှိသည်ကို မိမိအလိုအလျောက် ထိမ်ချန်လျှင် သို့မဟုတ် စီစဉ်ချက်နှင့်စပ်လျဉ်း၍ မမှန်သည်ကို သိလျက်နှင့် မှန်သည့်အနေဖြင့် မိမိအလိုအလျောက် ဖော်ပြလျှင် ထိုသူကို အဆိုပါ ပြစ်မှု ကျူးလွန်ပါက ကျူးလွန်သည့် ပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အများဆုံးထောင်ဒဏ် တစ်မျိုးမျိုး၏ လေးပုံတစ်ပုံထိဖြစ်စေ၊ ပြစ်မှုကျူးလွန်ခြင်း မရှိပါက ရှစ်ပုံတစ်ပုံထိ ဖြစ်စေ၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။