ပြုလုပ်မှုကို အားပေးကူညီရာတွင် ကွဲလွဲသောပြုလုပ်မှုကိုပြုခဲ့သော် အားပေးကူညီသူသည် ထိုကွဲလွဲသော ပြုလုပ်မှုကို တိုက်ရိုက်အားပေးကူညီသကဲ့သို့ ထပ်တူထပ်မျှ တာဝန်ရှိသည်။
ခြွင်းချက်။
သို့ရာတွင် ထိုကွဲလွဲသော ပြုလုပ်မှုသည် အားပေးကူညီခြင်းကြောင့် ဖြစ်ဖွယ်ရာအကြောင်းရှိသော ပြုလုပ်မှုလည်းဖြစ်ရမည့်ပြင် လှုံ့ဆော်ခြင်း၏ ပယောဂကြောင့်ဖြစ်စေ၊ အားပေးကူညီခြင်းမြောက်သော ပူးပေါင်းကြံစည်မှု၏ အကူအပံ့နှင့်ဖြစ်စေ၊ ထိုပူးပေါင်းကြံစည်သည့်အတိုင်းဖြစ်စေ ကျူးလွန်သော ပြုလုပ်မှုလည်း ဖြစ်ရမည်။
ဥပမာများ
(က) A က Z ၏ အစာတွင် အဆိပ်ခတ်ရန် ကလေးတစ်ဦးအား လှုံ့ဆော်လျက် အဆိပ်ကိုပေး၏။ ထိုကလေးသည် A လှုံ့ဆော်သည့်အတိုင်း အဆိပ်ခတ်ရာ၌ မှားယွင်း၍ Z ၏ အစာအနီးရှိ Y ၏ အစာတွင် အဆိပ်ခတ်မိ၏။ ဤအမှုတွင် အကယ်၍ ကလေးသည် A ၏ လှုံ့ဆော်မှုပယောဂကြောင့် ဤကဲ့သို့ ပြုရခြင်းဖြစ်၍ ထိုပြုလုပ်မှုသည်လည်း A ၏ အားပေး ကူညီခြင်းကြောင့် ဖြစ်ဖွယ်ရာအကြောင်းရှိသည့် အခြေအနေအရ ကျူးလွန်သောပြုလုပ်မှုဖြစ်လျှင် A သည် Y ၏ အစာတွင် အဆိပ်ခတ်စေရန် ကလေးအား လှုံ့ဆော်သကဲ့သို့ ထပ်တူထပ်မျှ တာဝန်ရှိသည်။
(ခ) Z ၏ အိမ်ကို မီးရှို့ရန် A က B ကို လှုံ့ဆော်၏။ B က အိမ်ကို မီးရှို့သည်သာ မက ထိုအိမ်မှ ပစ္စည်းများကိုပါ ခိုးယူ၏။ A သည် အိမ်ကိုမီးရှို့ရန် အားပေးကူညီသည့် ပြစ်မှုအတွက်သာလျှင် ပြစ်ဒဏ်ထိုက်သင့်သည်။ ခိုးမှုကိုအားပေးကူညီသည့် ပြစ်မှုအတွက် ပြစ်ဒဏ်မထိုက်။ အဘယ်ကြောင့် ဆိုသော် ခိုးမှုသည် သီးခြားပြုလုပ်မှုဖြစ်သည့်ပြင် အိမ်မီးရှို့ခြင်းကြောင့် ဖြစ်ဖွယ်ရာအကြောင်းရှိသည့် ပြုလုပ်မှုမျိုးလည်း မဟုတ်သောကြောင့် ဖြစ်သည်။
(ဂ) ပစ္စည်းကို လုယက်ရန်အလို့ငှာ လူနေအိမ်တစ်ဆောင်ကို သန်းခေါင်အချိန် ဖောက်ထွင်းဝင်စေရန် A က B နှင့် C တို့ကိုလှုံ့ဆော်၍ ထိုကိစ္စအတွက် လက်နက်များကို ပေး၏။ B နှင့် C တို့သည် အိမ်ကို ဖောက်ထွင်းဝင်ရာ အိမ်သား Z က ခုခံသဖြင့် Z ကိုသတ်၏။ ဤလူသတ်မှုသည် A ၏ အားပေး ကူညီခြင်းကြောင့် ဖြစ်ဖွယ်ရာအကြောင်းရှိလျှင် A သည် လူသတ်မှုအတွက် ပြဋ္ဌာန်းသော ပြစ်ဒဏ် ချမှတ်ခြင်းခံထိုက်သည်။