အခန်း ၉ - ပြည်သူ့ဝန်ထမ်းတို့ ကျူးလွန်သော သို့မဟုတ် ပြည်သူ့ဝန်ထမ်းတို့နှင့် သက်ဆိုင်သော ပြစ်မှုများ
ပုဒ်မ ၁၆၁
ပြည်သူ့ဝန်ထမ်းက ရာထူးဆိုင်ရာပြုလုပ်မှု တစ်ခုခုအတွက် ဥပဒေနှင့်ညီသော အခကြေးငွေမှတစ်ပါး တံစိုးလက်ဆောင်ကိုယူခြင်း
ပုဒ်မ ၁၆၂
ပြည်သူ့ဝန်ထမ်းကို တရားမဲ့သော သို့မဟုတ် ဥပဒေနှင့်မညီသောနည်းဖြင့်‌ ဩဇာလွှမ်းမိုးရန် တံစိုး လက်ဆောင်ယူခြင်း
ပုဒ်မ ၁၆၃
ပြည်သူ့ဝန်ထမ်းအား ပုဂ္ဂိုလ်ရေးဩဇာလွှမ်းမိုးမှုကို အသုံးပြုသည့်အတွက် တံစိုးလက်ဆောင်ယူခြင်း
ပုဒ်မ ၁၆၄
ပုဒ်မ ၁၆၂ သို့မဟုတ် ၁၆၃ တို့တွင် ဖော်ပြထားသော ပြစ်မှုများကို ကျူးလွန်ရာ၌ ပြည်သူ့ဝန်ထမ်းက အားပေးကူညီသည့်အတွက် ပြစ်ဒဏ်
ပုဒ်မ ၁၆၅
ပြည်သူ့ဝန်ထမ်းသည် မိမိဆောင်ရွက်သည့် မှုခင်းကိစ္စနှင့် သို့မဟုတ် လုပ်ငန်းနှင့် သက်ဆိုင်သူတို့ထံမှ အဖိုးစားနားမပေးဘဲ အဖိုးတန်ပစ္စည်းကို ရယူခြင်း
ပုဒ်မ ၁၆၆
ပြည်သူ့ဝန်ထမ်းက သူတစ်ဦးဦးကိုနစ်နာစေရန် ကြံရွယ်၍ ဥပဒေကို မလိုက်နာခြင်း
ပုဒ်မ ၁၆၇
ည်သူ့ဝန်ထမ်းက နစ်နာစေရန်ကြံရွယ်၍ မမှန်သော စာတမ်းအမှတ်အသားကို ပြုခြင်း
ပုဒ်မ ၁၆၈
ပြည်သူ့ဝန်ထမ်းသည် ဥပဒေနှင့်ဆန့်ကျင်လျက် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခြင်း
ပုဒ်မ ၁၆၉
ပြည်သူ့ဝန်ထမ်းသည် ဥပဒေနှင့်ဆန့်ကျင်လျက်ပစ္စည်းကို ဝယ်ယူခြင်း သို့မဟုတ် လေလံဆွဲခြင်း
ပုဒ်မ ၁၇၀
ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ခြင်း
ပုဒ်မ ၁၇၁
လိမ်လည်လှည့်ဖြားလိုသော ကြံရွယ်ချက်ဖြင့် ပြည်သူ့ဝန်ထမ်းတို့ အသုံးပြုသောဝတ်စုံကို ဝတ်ဆင်ခြင်း သို့မဟုတ် အမှတ်အသားကို ကိုင်ဆောင်ခြင်း