ပြည်သူ့ဝန်ထမ်းတစ်ဦးလည်းဖြစ်၍ ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတိုင်း ပစ္စည်းတစ်ခုခု ဝယ်ယူခြင်းကိုဖြစ်စေ၊ လေလံဆွဲခြင်းကိုဖြစ်စေ မပြုရန် ဥပဒေအရ ပိတ်ပင်တားမြစ်ခြင်းခံရသူလည်း ဖြစ်သောသူသည် မိမိ၏အမည်ဖြင့်သော်လည်းကောင်း၊ သူတစ်ပါး၏အမည်ဖြင့် သော်လည်းကောင်း၊ အခြားသူနှင့် ပူးတွဲ၍သော်လည်းကောင်း၊ အခြားသူနှင့် အစုစပ်ပါဝင်၍သော်လည်းကောင်း ထိုပစ္စည်းကို ဝယ်ယူလျှင် သို့မဟုတ် လေလံဆွဲလျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ဝယ်ယူပြီးဖြစ်သောပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူရမည်။