ပုဒ်မ ၁၆၆
ပုဒ်မ ၁၆၆
ပြည်သူ့ဝန်ထမ်းက သူတစ်ဦးဦးကိုနစ်နာစေရန် ကြံရွယ်၍ ဥပဒေကို မလိုက်နာခြင်း

ပြည်သူ့ဝန်ထမ်းဖြစ်သူတစ်ဦးက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေ ညွှန်ကြားချက်တစ်ခုခုကို မလိုက်နာခြင်းဖြင့် သူတစ်ဦးဦးအား နစ်နာစေရန် အကြံနှင့်သော်လည်းကောင်း၊ နစ်နာစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုဥပဒေညွှန်ကြားချက်ကိုသိလျက်နှင့် မလိုက်နာလျှင် ထိုသူကိုတစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။

ဥပမာ

တရားရုံးက Z သို့ အနိုင်ပေးသော ဒီကရီကိုအတည်ဖြစ်စေရန် ဇာရီပြုရာတွင် ပစ္စည်းကို သိမ်းယူရမည့် ဥပဒေညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရသော အရာရှိ A သည် Z အား နစ်နာစေတန်ရာသည်ကို သိလျက်နှင့် ဥပဒေညွှန်ကြားချက်ကို လိုက်နာခြင်းမရှိ။ A သည် ဤပုဒ်မတွင် အဓိပ္ပာယ်ဖော်ပြထားသော ပြစ်မှုကို ကျူးလွန်သည်မည်၏။



ကျင့်ထုံး

  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။