ပုဒ်မ ၁၇၀
ပုဒ်မ ၁၇၀
ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ရာထူးတစ်ခုခု၌ မိမိမထမ်းဆောင်ကြောင်း သိလျက်နှင့် ထိုရာထူး၌ ထမ်းဆောင်ဟန်အယောင်ဆောင်ပြီးလျှင် သို့မဟုတ် ရာထူးတစ်ခုခု၌ ထမ်းဆောင်နေသောသူ အယောင်ဆောင်ပြီးလျှင် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်အနေဖြင့် ထိုရာထူးနှင့်စပ်လျဉ်း၍ ပြုလုပ်မှု တစ်ခုခုကိုပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။