မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးဦးအား ရာထူးဆိုင်ရာပြုလုပ်မှုတစ်ခုကို ပြုစေရန် သို့မဟုတ် ထိုသို့ပြုခြင်းမှ ရှောင်စေရန် သို့မဟုတ် ထိုပြည်သူ့ဝန်ထမ်းရာထူးအလျောက် အလုပ်ဝတ္တရားကို ဆောင်ရွက်ရာတွင် သူတစ်ဦးဦးအား မျက်နှာလိုက်စေရန် သို့မဟုတ် နှိမ်စေရန် သို့မဟုတ် ဥပဒေပြုအဖွဲ့ထံ တွင်ဖြစ်စေ၊ အစိုးရထံတွင်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းတစ်ဦးဦးထံတွင်ဖြစ်စေ သူတစ်ဦးဦးအတွက် ကောင်းကျိုးကိုသော်လည်းကောင်း၊ မကောင်းကျိုးကိုသော်လည်းကောင်း ပြုစေရန် သို့မဟုတ် ထိုသို့ ပြုခြင်းကို အားထုတ်စေရန် တရားမဲ့သော သို့မဟုတ် ဥပဒေနှင့်မညီသော နည်းလမ်းဖြင့် သွေးဆောင် သည့်အတွက် တံစိုးလက်ဆောင်ကို ရည်ရွယ်ချက်အဖြစ်ဖြင့်ဖြစ်စေ၊ ဆုလာဘ်အဖြစ်ဖြင့်ဖြစ်စေ မိမိအတွက်သော်လည်းကောင်း၊ သူတစ်ပါးအတွက်သော်လည်းကောင်း၊ သူတစ်ဦးဦးထံမှ လက်ခံလျှင် သို့မဟုတ် ရယူလျှင် သို့မဟုတ် လက်ခံရန် သဘောတူလျှင် သို့မဟုတ် ရယူရန် အားထုတ်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။