မည်သူမဆို ပြည်သူ့ဝန်ထမ်းအမျိုးအစားတစ်ခုခုတွင် ပါဝင်သူမဟုတ်ဘဲ ထိုပြည်သူ့ ဝန်ထမ်းအမျိုးအစားတစ်ခုခုတွင် ပါဝင်သူဖြစ်ကြောင်း သူတစ်ပါးယုံကြည်စေရန် ကြံရွယ်ချက်ဖြင့်ဖြစ်စေ၊ သူတစ်ပါး ယုံကြည်စေတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ ထိုပြည်သူ့ဝန်ထမ်းအမျိုးအစားတို့ အသုံးပြု သော ဝတ်စုံ သို့မဟုတ် ကိုင်ဆောင်သော အမှတ်အသားနှင့် သဏ္ဌာန်တူသော ဝတ်စုံကိုဝတ်ဆင်လျှင် ဖြစ်စေ၊ အမှတ်အသားကို ကိုင်ဆောင်လျှင်ဖြစ်စေ ထိုသူကို သုံးလထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။