ပုဒ်မ ၁၆၇
ပုဒ်မ ၁၆၇
ည်သူ့ဝန်ထမ်းက နစ်နာစေရန်ကြံရွယ်၍ မမှန်သော စာတမ်းအမှတ်အသားကို ပြုခြင်း

ပြည်သူ့ဝန်ထမ်းတစ်ဦးလည်းဖြစ်၍ ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတိုင်း စာတမ်းအမှတ်အသား တစ်ခုခုကိုပြုရန် သို့မဟုတ် ဘာသာပြန်ဆိုရန် တာဝန်လွှဲအပ်ခြင်းခံရသူသည် သူတစ်ဦးဦးအား နစ်နာစေရန်ကြံရွယ်၍သော်လည်းကောင်း၊ နစ်နာစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုစာတမ်းအမှတ်အသားကို မမှန်ဟု မိမိသိသော သို့မဟုတ် ယုံကြည်လောက်သော နည်းလမ်းဖြင့်ပြုလျှင် သို့မဟုတ် ဘာသာပြန်ဆိုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ကျင့်ထုံး


  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။