ပုဒ်မ ၁၆၈
ပုဒ်မ ၁၆၈
ပြည်သူ့ဝန်ထမ်းသည် ဥပဒေနှင့်ဆန့်ကျင်လျက် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခြင်း

ပြည်သူ့ဝန်ထမ်းတစ်ဦးလည်းဖြစ်၍ ပြည်သူ့ဝန်ထမ်းဖြစ်သည့်အတိုင်း စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရန် ဥပဒေအရပိတ်ပင်တားမြစ်ခြင်း ခံရသူလည်းဖြစ်သောသူသည် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး


  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။