ပြည်သူ့ဝန်ထမ်းတစ်ဦးဦးနှင့်စပ်လျဉ်း၍ တဆက်တည်းဖြစ်သော အထက်ပုဒ်မနှစ်ခုတွင် ဖော်ပြ ထားသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်ရာ၌ ထိုပြည်သူ့ဝန်ထမ်းက ထိုပြစ်မှုကို အားပေးကူညီလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဥပမာ
ပြည်သူ့ဝန်ထမ်း A ၏ မယား B သည် သူတစ်ဦးဦးအား ရာထူးပေးစေရန် ရည်ရွယ်၍ A အား ပြောဆိုတောင်းခံသည့်အတွက် ထိုသူ့ထံမှ လက်ဆောင်တစ်ခုခုကို ရရှိ၏။ A သည် B ကို အားပေး ကူညီ၏။ ဤအမှုတွင် B သည် တစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံထိုက်သည်။ A သည် သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံထိုက်သည်။
ရဲအရေးမပိုင်။
ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
အာမခံ ပေးရမည်။
ကျေအေးခွင့် မရှိ
မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။