အခန်း ၁၅ - ဘာသာရေးဆိုင်ရာ ပြစ်မှုများ
ပုဒ်မ ၂၉၅
လူတန်းစားတစ်ရပ်ရပ် ကိုးကွယ်သည့်ဘာသာကို စော်ကားရန်အကြံဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကို ဖျက်ဆီးခြင်း သို့မဟုတ် ယုတ်ညံ့စေခြင်း
ပုဒ်မ ၂၉၅-က
လူတန်းစားတစ်ရပ်ရပ်ကိုးကွယ်သည့် ဘာသာကိုဖြစ်စေ၊ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ၊ စော်ကားခြင်း ဖြင့် ထိုလူတန်းစားတစ်ရပ်ရပ်၏ ကိုးကွယ်ရာဘာသာရေးစိတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသမာစိတ် ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ
ပုဒ်မ ၂၉၆
ဘာသာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက်ခြင်း
ပုဒ်မ ၂၉၇
သင်္ချိုင်းစသည့် နေရာအရပ်များကို ကျူးကျော်စော်ကားခြင်း
ပုဒ်မ ၂၉၈
ကိုးကွယ်ရာဘာသာရေးစိတ်ကိုနာစေရန် တမင်ကြံရွယ်၍ စကားစသည်များကိုပြောဆိုခြင်း