သူတစ်ဦးဦး၏ ကိုးကွယ်ရာဘာသာရေးစိတ်ကို နာစေရန်တမင်ကြံရွယ်၍ မည်သူမဆို ထိုသူကြား လောက်သော နေရာ၌စကားပြောဆိုလျှင် သို့မဟုတ် အသံတစ်ခုခုကိုပြုလျှင် သို့မဟုတ် ထိုသူ မြင်လောက်သောနေရာ၌ ကိုယ်အမူအရာ တစ်ခုခုကိုပြုလျှင် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကိုထားလျှင် ထိုသူကိုတစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။