ပုဒ်မ ၂၉၇
ပုဒ်မ ၂၉၇
သင်္ချိုင်းစသည့် နေရာအရပ်များကို ကျူးကျော်စော်ကားခြင်း

သူတစ်ဦးဦး၏ စိတ်ကိုနာစေရန် အကြံဖြင့်ဖြစ်စေ၊ သူတစ်ဦးဦး၏ ကိုးကွယ်သည့်ဘာသာကို စော်ကားရန် အကြံဖြင့်ဖြစ်စေ သူတစ်ဦးဦး၏ စိတ်ကိုနာစေတန်ရာသည်ကို သို့မဟုတ် သူတစ်ဦးဦး ကိုးကွယ်သည့်ဘာသာကို စော်ကားတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာ၌ သော်လည်းကောင်း၊ သင်္ချိုင်း၌သော်လည်းကောင်း၊ အသုဘအခမ်းအနားဆောင်ရွက်ရန် သီးသန့် ထားသည့် နေရာ၌သော်လည်းကောင်း၊ လူ​သေအလောင်းထားရန် သီးသန့်နေရာ၌သော်လည်းကောင်း ကျူးကျော်စော်ကားလျှင် သို့မဟုတ် လူသေအလောင်းကို မဖွယ်မရာပြုလျှင် သို့မဟုတ် အသုဘ အခမ်းအနား ကျင်းပဆောင်ရွက်ရန် စုဝေးနေသူတို့ကို အနှောင့်အယှက်ဖြစ်စေလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။