ပြည်ထောင်စုနိုင်ငံတွင်နေထိုင်သော လူတန်းစားတစ်ရပ်ရပ်၏ ဘာသာရေးစိတ်ကို နာကြည်း စေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ ထိုလူတန်းစားတစ်ရပ်ရပ်ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ ဘာသာရေးယုံကြည်မှုကို သော်လည်းကောင်း စော်ကားလျှင် သို့မဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။