ဥပဒေနှင့်အညီ ဘာသာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော သို့မဟုတ် ဘာသာရေးဆိုင်ရာ အခမ်းအနားကို ကျင်းပနေသော အစုအဝေးတစ်ခုခုအား မည်သူမဆို မိမိအလိုအလျောက် အနှောင့် အယှက်ဖြစ်စေလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။