ပုဒ်မ ၂၉၅
ပုဒ်မ ၂၉၅
လူတန်းစားတစ်ရပ်ရပ် ကိုးကွယ်သည့်ဘာသာကို စော်ကားရန်အကြံဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကို ဖျက်ဆီးခြင်း သို့မဟုတ် ယုတ်ညံ့စေခြင်း

လူတန်းစားတစ်ရပ်ရပ် ကိုးကွယ်သည့်ဘာသာကို စော်ကားရန်အကြံဖြင့်ဖြစ်စေ၊ ကိုးကွယ်ဝတ်ပြု သော နေရာကိုသော်လည်းကောင်း၊ အ‌ထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း၊ ဖျက်ဆီးခြင်း သည် သို့မဟုတ် ပျက်စီးနစ်နာစေခြင်းသည် သို့မဟုတ် ယုတ်ညံ့စေခြင်းသည် ထိုဘာသာကို စော်ကားသည်ဟု လူတန်းစားတစ်ရပ်ရပ်က ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မည်သူမဆို ထိုလူတန်းစားတစ်ရပ်ရပ်က ဘာသာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုသော ‌နေရာကိုသော်လည်း‌ကောင်း၊ အထွတ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း ဖျက်ဆီးလျှင် သို့မဟုတ် ပျက်စီးနစ်နာ စေလျှင် သို့မဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။