ပုဒ်မ ၂၆၄
မမှန်သော အချိန်အတွယ်ကိရိယာကို လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်သုံးခြင်း
ပုဒ်မ ၂၆၅
မမှန်သောအလေးအချိန်အတွယ်တင်းတောင်းကိုသော်လည်းကောင်း၊ အတိုင်းအတာကိုသော်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သုံးခြင်း
ပုဒ်မ ၂၆၆
မည်သူမဆို မမှန်ကြောင်းသိသော အချိန်အတွယ်ကိရိယာကိုဖြစ်စေ၊ ထိုကဲ့သို့သော အလေးအချိန် အတွယ် တင်းတောင်းအတိုင်းအတာကိုဖြစ်စေ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့် အသုံးပြုနိုင်ရန် ကြံရွယ်၍ လက်ရှိထားလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ပုဒ်မ ၂၆၇
မမှန်သော အလေးအချိန်အတွယ် တင်းတောင်း အတိုင်းအတာကို ပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း