ပုဒ်မ ၂၆၇
ပုဒ်မ ၂၆၇
မမှန်သော အလေးအချိန်အတွယ် တင်းတောင်း အတိုင်းအတာကို ပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း

မည်သူမဆို မမှန်ကြောင်းသိသော အချိန်အတွယ်ကိရိယာကိုဖြစ်စေ၊ ထိုကဲ့သို့သော အလေး အချိန် အတွယ်တင်းတောင်း အတိုင်းအတာတစ်ခုခုကိုဖြစ်စေ၊ အမှန်အဖြစ်ဖြင့် အသုံးပြုနိုင်ရန် သော် လည်းကောင်း၊ အမှန်အဖြစ်ဖြင့် အသုံးပြုတန်ရာသည်ကို သိလျက်နှင့် သော်လည်းကောင်း ပြုလုပ်လျှင် သို့မဟုတ် ရောင်းချလျှင် သို့မဟုတ် စီမံခန့်ခွဲလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။