ပုဒ်မ ၂၆၅
ပုဒ်မ ၂၆၅
မမှန်သောအလေးအချိန်အတွယ်တင်းတောင်းကိုသော်လည်းကောင်း၊ အတိုင်းအတာကိုသော်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သုံးခြင်း

မည်သူမဆို မမှန်သောအလေးအချိန်အတွယ်ကိုဖြစ်စေ၊ မမှန်သောအတိုင်းအတာ တင်းတောင်းကို ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် အသုံးပြုလျှင် သို့မဟုတ် အလေးအချိန်အတွယ် တင်းတောင်းအတိုင်းအတာ တစ်ခုခုကို ထိုအလေးအချိန်အတွယ် တင်းတောင်းအတိုင်းအတာနှင့် ကွဲလွဲသောအလေး အချိန်အတွယ် တင်းတောင်း အတိုင်းအတာအဖြစ် လိမ်လည်လှည့်ဖြား လိုသော သဘောဖြင့် အသုံးပြုလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။