ပုဒ်မ ၁၇၁
ပုဒ်မ ၁၇၁
တိုင်တန်းသူများနှင့် သက်သေများအား ရဲအရာရှိနှင့်အတူ လိုက်ပါစေရန် မဆင့်ဆိုရခြင်း

မည်သည့်တိုင်တန်းသူ သို့မဟုတ် သက်သေမဆို တရားသူကြီး၏ တရားရုံးသို့ သွားရောက်ရာ ရဲအရာရှိတစ်ဦးနှင့်အတူ လိုက်သွားရမည်ဟု မဆင့်ဆိုစေရ သို့မဟုတ် ၎င်းအား မလိုအပ်သော ချုပ်ချယ်မှုဖြစ်စေ နှောင့်ယှက်မှုကိုဖြစ်စေ မပြုလုပ်ရ သို့မဟုတ် တရားရုံးသို့ ရောက်ရှိစေရန်အတွက် မိမိကိုယ်တိုင် ခံဝန်ချုပ်မှတစ်.. အခြား အာမခံပေးရန် မဆင့်ဆိုစေရ။

သို့ရာတွင် တိုင်တန်းသူတစ်ဦးဦးသည် သို့မဟုတ် သက်သေတစ်ဦးဦးသည် ပုဒ်မ ၁၇ဝ တွင် ညွှန်ကြားသည့်အတိုင်း ရောက်ရှိရန် သို့မဟုတ် ခံဝန်ချုပ်ဆိုရန် ငြင်းဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူးသည် ထိုသူကို တရားသူကြီးထံ အချုပ်နှင့်တင်ပို့နိုင်သည်။ တရားသူကြီးသည် အဆိုပါ ခံဝန်ချုပ်ကို မချုပ်ဆိုသေးသည် သို့မဟုတ် အမှုကြားနာ စစ်ဆေးခြင်း မပြီးဆုံးသေးသမျှ ထိုသူကို ချုပ်ထားစေနိုင်သည်။