ပုဒ်မ ၄၈၀
ပုဒ်မ ၄၈၀
မထီမဲ့မြင်ပြုလုပ်သည့် အမှုအချို့တွင် လိုက်နာရန်ကျင့်ထုံး

(၁) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၅၊ ပုဒ်မ ၁၇၈၊ ပုဒ်မ ၁၇၉၊ ပုဒ်မ ၁၈ဝ၊ သို့မဟုတ် ပုဒ်မ ၂၂၈ တွင် ဖော်ပြထားသော ပြစ်မှုမျိုးကို တရားမ၊ ရာဇဝတ်၊ သို့မဟုတ် အခွန်ရုံး တစ်ရုံးရုံး၏ ရှေ့မှောက်တွင်ဖြစ်စေ၊ မြင်သာသည့်နေရာတွင်ဖြစ်စေ ကျူးလွန်ခဲ့လျှင် အဆိုပါ တရားရုံးသည် ပြစ်မှုကျုးလွန်သူကို အချုပ်နှင့် ထိန်းသိမ်းထားနိုင်သည်။ ထို့ပြင် မိမိသင့်သည် ထင်မြင်လျှင် ထိုနေ့ရုံးမဆင်းမီ မည်သည့်အချိန်၌မဆို ပြစ်မှုကိုအရေးယူပြီး၊ ပြစ်မှုကျုးလွန်သူကို ကျပ်နှစ်သောင်းထက် မပိုသောငွေဒဏ် တပ်ရိုက်နိုင်သည်။ ထို့ပြင် ငွေဒဏ်ဆောင်ရန် ပျက်ကွက်၍ ယင်းငွေဒဏ် မပေးဆောင်လျှင် တစ်လအထိ အလုပ်မဲ့ထောင်ဒဏ် ချမှတ်နိုင်သည်။

(၂) x x x x x x