တရားလွှတ်တော်သည် အမှုကို တစ်နေ့ထက်ပို၍စစ်ဆေးစီရင်သည့်ကာလအတွင်း ဂျူရီကို တစ်စုတစ်ဝေးတည်းထားရှိခြင်းနှင့် စပ်လျဉ်းသည့် နည်းဥပဒေများကို အခါအားလျော်စွာ ပြုနိုင်သည်။ ရုံးထိုင်တရားသူကြီးက အဆိုပါနည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ တရားရုံး အရာရှိ တစ်ဦးတစ်ယောက်ကို စောင့်ရှောက်စေပြီးလျှင် ဂျူရီလူကြီးတို့ကို တစ်စုတစ်ဝေးတည်း ထားရမည်။ ထားလျှင် မည်ကဲ့သို့ထားရမည့်အကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ၎င်းလူကြီး တို့ကို နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုရမည့်အကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း အမိန့် ချမှတ်နိုင်သည်။