နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ ဆိုသည်မှာ နိုင်ငံခြားသုံးငွေနှင့် စပ်လျဉ်း၍ လက်ခံခြင်း၊ လဲလှယ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပနှင့် သော်လည်းကောင်း လွှဲပြောင်း ခြင်း၊ ပေးချေခြင်းစသည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လုပ်ကိုင်ရန် ဗဟိုဘဏ်က ထုတ်ပေးသော လိုင်စင်တစ် မျိုးမျိုးကို ရရှိသည့်ပုဂ္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရရှိသူ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူနှင့် ဗဟိုဘဏ်က အခါ အားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းလိုင်စင် ရရှိသူများ ပါဝင်သည်။