ပုဒ်မ ၂၆
နိုင်ငံတော်အခြေခံမူများ
(က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊
(ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစား ဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းရမည်။