မည်သူမဆို သိလျက်နှင့် နိုင်ငံရေးအကျဉ်းသားဖြစ်စေ၊ စစ်သုံ့ပန်းဖြစ်စေ ဥပဒေအရ ချုပ်ထားရာမှ လွတ်ပြေးရာတွင်ကူညီလျှင်၊ သို့မဟုတ် ထိုအကျဉ်းသားကိုဖြစ်စေ၊ စစ်သုံ့ပန်းကိုဖြစ်စေ ဥပဒေအရ ချုပ်ထားရာမှကယ်လျှင် သို့မဟုတ် ကယ်ရန် အားထုတ်လျှင် သို့မဟုတ် ဥပဒေအရချုပ်ထားရာမှ လွတ်ပြေးသွားသော ထိုအကျဉ်းသားကိုဖြစ်စေ၊ ထိုစစ်သုံ့ပန်းကိုဖြစ်စေ လက်သင့်ခံလျှင် သို့မဟုတ် ဝှက်ထားလျှင် သို့မဟုတ် ထိုသို့ လွတ်ပြေးသော အကျဉ်းသားကိုဖြစ်စေ၊ စစ်သုံ့ပန်းကိုဖြစ်စေ ပြန်လည်ဖမ်းဆီးရာတွင် ခုခံလျှင် သို့မဟုတ် ခုခံရန်အားထုတ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။