ပုဒ်မ ၇၁
ပုဒ်မ ၇၁
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိ လျှင် ယင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်နိုင်သည် -

(က) ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်သည် တရားမဲ့ပြုကျင့်မှုများဖြင့် မဲ အများဆုံးကို ရယူခဲ့သည်ဟုလည်းကောင်း၊ ထိုနည်းဖြင့်ပင် သွေးဆောင်၍ ရယူခဲ့သည်ဟုလည်း ကောင်း၊ ရွေးကောက်ပွဲအနိုင်အရှုံးသည် တရားမဲ့ပြုကျင့်မှု များကြောင့်သာ ဖြစ်ရသည်ဟုလည်းကောင်း ပေါ်လွင်ထင်ရှားခြင်း၊

(ခ) ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်၏ အကျိုးငှာ တရားမဲ့ပြုကျင့်မှုတစ်ခု ခုကို ပြုကြောင်း ပေါ်လွင်ထင်ရှားခြင်း၊

(ဂ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊

(ဃ) လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက်ခြင်းတို့ ကြောင့် လွတ်လပ်စွာမဲပေးနိုင်ခွင့်ရှိသော ရွေးကောက်ပွဲမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ ယင်းသို့ ပြုလုပ်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံ ရကြောင်း ပေါ်လွင်ထင်ရှားခြင်း၊

(င) ပုဒ်မ ၁၀၊ ပုဒ်မခွဲ (စ)၊ (ဆ)၊ (ဇ)၊ (ဈ) သို့မဟုတ် (ဌ) ပါ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်၏ အဖွဲ့အစည်းဝင်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း။