ပုဒ်မ ၃၂၅
ပုဒ်မ ၃၂၅
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် တင်သွင်းခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်

(က) နိုင်ငံတော်သမ္မတ၊

(ခ) ပြည်ထောင်စုလွှတ်တော်နာယက၊

(ဂ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊

(ဃ) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊

(င) ပြည်ထောင်စုတရားသူကြီးချုပ်၊

(စ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ။