ပုဒ်မ ၃၄
ပုဒ်မ ၃၄
ဗဟိုဘဏ်၏ စီမံခန့်ခွဲပိုင်ခွင့်

ဗဟိုဘဏ်သည် အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ ထုတ်ပေးထားသော နိုင်ငံခြားသုံး​ငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပြည်လည်ရုပ်သိမ်းနိုင်သည်-

(က) လျှောက်ထားသူသည် လုပ်ငန်းလိုင်စင်ရယူရန်တင်ပြခဲ့စဉ်က အဆိုပြုတင်ပြသည့်အရာရှိများ၊ ဒါရိုက်တာများနှင့် အဓိကရှယ်ယာပိုင်ဆိုင်သူများ၏လုပ်ငန်းအတွေ့အကြုံ သို့မဟုတ် ဖြောင့်မတ် တည်ကြည်မှုနှင့်စပ်လျဉ်း၍ မမှန် ကန်သောသတင်းအချက်အလက်များ တင်ပြခဲ့ကြောင်း သို့မဟုတ် လုပ်ငန်းလိုင်စင် လျှောက်လွှာနှင့်စပ်လျဉ်း၍ မမှန် ကန်သော စာရွက်စာတမ်းများတင်ပြခဲ့ကြောင်း ပေါ်ပေါက်ခြင်း၊

(ခ) လုပ်ငန်းလိုင်စင်ရရှိထားသူက လုပ်ငန်းလိုင်စင် ရုပ်သိမ်းပေးပါရန် တင်ပြ တောင်းခံလာခြင်း၊

(ဂ) ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ လိုက်နာရမည့် တာဝန်များကို ပျက်ကွက်ခြင်း၊

(ဃ) ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ပုဒ်မ ၃၉ နှင့် ၄၀ ပါ တားမြစ် ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊

(င) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု ၊ အခွန်လိမ်လည်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ပြစ်ဒဏ် ချမှတ်ခံရခြင်း၊

(စ) နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူများသည် မိမိနှင့်လုပ်ငန်း ဆက်သွယ်ဆောင်ရွက်သူများ၏လိုအပ်ချက်ကိုလည်းကောင်း၊ သာမန်လုပ်ငန်းဆောင်ရွက်မှုတွင် မိမိ ဖြည့်ဆည်းရန်တာဝန်များကိုလည်းကောင်း ပျက်ကွက်ပြီးလုပ်ငန်းတွင် အရှုံး​ပေါ်ပေါက်၍ လုပ်ငန်း ဖျက်သိမ်းရဖွယ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားများတွေ့ရှိရခြင်း။