ပုဒ်မ ၄၆၇
ပုဒ်မ ၄၆၇
စုံစမ်းစစ်ဆေးခြင်း၊ သို့မဟုတ် စစ်ဆေးစီရင်ခြင်းကို ဆက်လက်ဆောင်ရွက်ခြင်း

(၁) မည်သည့်အခါမဆို စုံစမ်းစစ်ဆေးမှုတစ်ခုကိုဖြစ်စေ၊ စစ်ဆေးစီရင်မှုတစ်ခု ကိုဖြစ်စေ ပုဒ်မ ၄၆၄ အရ၊ သို့မဟုတ် ပုဒ်မ ၄၆၅ အရ ရွှေ့ဆိုင်းထားသည့်အခါ သက်ဆိုင်ရာရာ ရာဇဝတ်ဘရားသူကြီး၊ သို့မဟုတ် တရားရုံးသည် မည်သည့်အချိန်တွင်မဆို စုံစမ်းစစ်ဆေးမှုကို ဖြစ်စေ၊ စစ်ဆေးစီရင်မှုကိုဖြစ်စေ ဆက်လက် ဆောင်ရွက်နိုင်သည်။ ထို့ပြင် တရားခံကို အဆိုပါ ရာဇဝတ်တရားသူကြီးရှေ့၊ သို့မဟုတ် တရားရုံးရှေ့ ရောက်ရှိစေရန်ဖြစ်စေ၊ တင်ပို့စေရန်ဖြစ်စေ ဆင့်ဆိုနိုင်သည်။

(၂) တရားခံကို ပုဒ်မ ၄၆၆ အရ လွှတ်ခဲ့ပြီးနောက် ၎င်းတရားခံကို တရားရုံးသို့ ရောက်ရှိစေရန် အာမခံခဲ့သူများက ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက ဤကိစ္စ အလို့ငှာ ခန့်ထားသည့် အရာရှိထံသို့ တရားခံကို တင်ပို့သည့်အခါ တရားခံသည် ထုချေနိုင်စွမ်း ရှိပြီဟု အဆိုပါအရာရှိ၏ သက်သေခံလက်မှတ်ကို သက်သေခံအဖြစ် လက်ခံထိုက်စေရမည်။