(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ တိုင်းသည် မဲဆန္ဒ နယ်တစ်နယ်တွင် နေထိုင်သူလည်းဖြစ်၍ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်သူလည်းဖြစ်လျှင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်းဖော်ပြရမည်။
(ခ) တပ်မတော်သားများ၊ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သံအဖွဲ့ ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြု ချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်းဖော်ပြရမည်။