ပုဒ်မ ၁၄၂
ပုဒ်မ ၁၄၂
စုံစမ်း စစ်ဆေးနေစဉ် တားဝရမ်းထုတ်ခြင်း

(၁) ပုဒ်မ ၁၃၃ အရ အမိန့်ချမှတ်သည့် တရားသူကြီးက အများပြည်သူတို့၏ ဘေးအန္တရာယ်၊ သို့မဟုတ် နာကျင်မှုအကြီးအကျယ် ဖြစ်လုဆဲရှိသည်ကို တားဆီးကာကွယ်ရန် ချက်ချင်း ဆောင်ရွက်သင့်ကြောင်းသဘောရလျှင် ၎င်းအမှုကို ဆုံးဖြတ်ခြင်းမပြုမီ ထိုဘေးအန္တရာယ် သို့မဟုတ် နာကျင်မှုများကို တားဆီးကာကွယ်ရန်အတွက် အမိန့်ချမှတ်ခြင်း ခံရသူအပေါ် တားဝရမ်း ထုတ်ဆင့်နိုင်သည်။

(၂) ထိုသူက အဆိုပါ တားဝရမ်းကို ချက်ချင်းလိုက်နာရန် ပျက်ကွက်လျှင် ဘေးအန္တရာယ် ဖယ်ရှားရန် သို့မဟုတ် နာကျင်မှု တားဆီးကာကွယ်ရန်သင့်သည် ထင်မြင်သည့် နည်းလမ်း များဖြင့် တရားသူကြီးက ကိုယ်တိုင် ပြုလုပ်နိုင်သည် သို့မဟုတ် ပြုလုပ်စေနိုင်သည်။

(၃) ဤပုဒ်မအရ သဘောရိုးဖြင့်ပြုလုပ်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ တရားမကြောင်း အရ တရားစွဲဆိုခွင့် မရှိစေရ။