ရွေးကောက်ပွဲခုံအဖွဲ့သို့ လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူ ကိုယ်တိုင်ဖြစ်စေ၊ ယင်းတို့ ကိုယ်စားဆောင်ရွက်ရန် ခန့်ထားသော ရှေ့နေ သို့မဟုတ် ကိုယ်စားလှယ်ဖြစ်စေ ရွေးကောက်ပွဲခုံအဖွဲ့ ရှေ့မှောက်သို့ လာရောက်ဆောင်ရွက်နိုင်သည်။ သို့ရာတွင် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံ ရသူ ကိုယ်တိုင်လာရောက်ရမည်ဟု ရွေးကောက်ပွဲခုံအဖွဲ့က ညွှန်ကြားသည့်အခါ ယင်းတို့ ကိုယ်တိုင် လာရောက်ရမည်။