ဝယ်ယူသူ၏ ပိုင်ဆိုင်ခွင့် အခွင့်အရေး( Purchaser’s title)
ဒီကရီတစ်ရပ်ကို အတည်ပြုရာတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချ၍ ယင်းသို့ ရောင်းချခြင်းမှာလည်း အပြီးအပြတ်အတည်ဖြစ်သောအခါ ယင်းသို့ ပစ္စည်းရောင်းချခြင်း အပြီးအပြတ် အတည်ဖြစ်သောအချိန်မှ မဟုတ်ဘဲ ပစ္စည်းရောင်းချသော အချိန်မှစတင်၍ ဝယ်ယူသူသို့ ပစ္စည်း သက်ရောက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
မှတ်စု။ အင်္ဂလိပ်မူတွင် “when the sale becomes absolute” ဆိုသည်မှာ ရောင်းချခြင်း အတည်ဖြစ်သည်ကို ဆိုလိုသည်။ တရားရုံးက လေလံတင်ရောင်းချမှုတွင် ရောင်းချလျင်ရောင်းချချင်း လေလံဆွဲဝယ်ယူသူထံ မသက်ရောက်သေးဘဲ။ ရက်ပေါင်း ၃၀ ကြာမှာ ရောင်းချခြင်း အတည် (when the sale becomes absolute) ဖြစ်သည်။ သိုရာတွင် ကြားလလအမြတ်ကို ထည့်သွင်းတွက်ချက်ရာတွင် ရောင်းချသည်မှစ၍ ဝယ်ယူသူက ပိုင်ဆိုင်ဆိုင်သည်ဟု ဆိုသည်။ ( ဦးမြ တရားမကျင့်ထုံးဥပဒေ၊ စာ-၁၀၆)