နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်ကိုမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်များက ပယ်ဖျက်သည် သို့မဟုတ် ခြွင်းချက်ပြုသည်ဟု မှတ်ယူခြင်းမပြုရ။ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပြဋ္ဌာန်းချက် သည် အကျိုးသက်ရောက်မှု မရှိစေရ။