ပုဒ်မ ၂၇၆
ပုဒ်မ ၂၇၆
ဂျူရီလူကြီးများကို မဲဖြင့် ရွေးချယ်ရခြင်း

တရားလွှတ်တော်က အခါအားလျော်စွာထုတ်ပြန်သည့် နည်းဥပဒေနှင့် ညွှန်ကြားသည့် နည်းလမ်းများအရ ဂျူရီလူကြီးများကို ဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် ဆင့်ဆိုထားသည့် ပုဂ္ဂိုလ်များအနက်မှ မဲဖြင့်ရွေးချယ်ရမည်။

သို့ရာတွင်-

လက်ရှိဆောင်ရွက်ချက်များကို ဆက်လက်ထားရှိခြင်း။

ပထမ ဤပုဒ်မအရ မည်သည့်တရားရုံးအတွက်မဆို နည်းဥပဒေများ ထုတ် ပြန်ခြင်းမရှိသေးမီ ဂျူရီရွေးချယ်ခြင်းနှင့်ပတ်သက်၍ ထိုတရားရုံးက လောလောဆယ် လုပ်ဆောင်ချက်များအတိုင်း လိုက်နာရမည်။

ဆင့်ဆိုထားခြင်း မခံရသည့် ပုဂ္ဂိုလ်များ မည်သည့်အခါ ပါဝင်နိုင်ခြင်း။

ဒုတိယ ဆင့်ဆိုထားသည့်ပုဂ္ဂိုလ်များ နည်းပါးနေသည့် ကိစ္စတွင် ရောက်ရှိ နေသော ပုဂ္ဂိုလ်များအနက်မှ လိုအပ်သည့်ဂျူရီလူကြီးအရေအတွက် ကို တရားရုံး၏ခွင့်ပြုချက်ဖြင့် ရွေးချယ်နိုင်သည်။

အထူးဂျူရီလူကြီးများရှေ့တွင် စစ်ဆေးစီရင်မှု။

တတိယ ရန်ကုန်မြို့တော်ရှိ တရားလွှတ်တော်၌ စစ်ဆေးစီရင်မှုများတွင်-

(က) တရားခံကို သေဒဏ်ထိုက်သောပြစ်မှုဖြင့် စွဲချက်တင်ထား လျှင်၊ သို့မဟုတ်

(ခ) အခြားကိစ္စများတွင် တရားလွှတ်တော် တရားသူကြီးတစ်ဦး က ညွှန်ကြားခဲ့လျှင် အောက်တွင် သတ်မှတ်ထားသည့် အတိုင်း ဂျူရီလူကြီးများကို အထူးဂျူရီစာရင်းမှ ရွေးချယ်ရ မည်။ ထို့ပြင်

စတုတ္ထ အထူးဂျူရီဖြင့် သီးခြားအမှု့များကို စစ်ဆေးစီရင်ရန် နိုင်ငံတော်သမ္မတက သတ်မှတ်ထားသည့် မည်သည့် ခရိုင်တွင် မဆို တရားသူကြီးက ညွှန်ကြားသည့်အခါ ဂျူရီလူကြီးများကို ပုဒ်မ ၃၂၅ တွင် သတ်မှတ်ထားသည့် အထူးဂျူရီစာရင်းမှ ရွေးချယ်ရမည်။