ပုဒ်မ ၄၀
ပုဒ်မ ၄၀
ပြစ်မှု

ဤပုဒ်မ၏ အပိုဒ် ၂ နှင့် ၃တို့တွင် ဖော်ပြပါရှိသည့်အခန်းများနှင့် ပုဒ်မများတွင်မှအပ “ပြစ်မှု” ဆိုသော စကားရပ်သည် ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်စီရင်ထိုက်သောအရာကို ဆိုသည်။

အခန်း ၄၊ အခန်း ၅-က၊ ထို့ပြင် အောက်ဖော်ပြပါပုဒ်မများဖြစ်ကြသော ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၇၁၊ ၁၀၉၊ ၁၁၀၊ ၁၁၂၊ ၁၁၄၊ ၁၁၅၊ ၁၁၆၊ ၁၁၇၊ ၁၈၇၊ ၁၉၄၊ ၁၉၅၊ ၂၀၃၊ ၂၁၁၊ ၂၁၃၊ ၂၁၄၊ ၂၂၁၊ ၂၂၂၊ ၂၂၃၊ ၂၂၄၊ ၂၂၅၊ ၃၂၇၊ ၃၂၈၊ ၃၂၉၊ ၃၃၀၊ ၃၃၁၊ ၃၄၇၊ ၃၄၈၊ ၃၈၈၊ ၃၈၉နှင့် ၄၄၅တို့တွင် “ပြစ်မှု” ဆိုသော စကားရပ်သည် ဤရာဇသတ်ကြီးအရဖြစ်စေ၊ အထူးဥပဒေအရဖြစ်စေ၊ ဒေသန္တရဥပဒေအရဖြစ်စေ ပြစ်ဒဏ်စီရင် ထိုက်သောအရာကို ဆိုသည်။ ထို့ပြင် ပုဒ်မ ၁၄၁၊ ၁၇၆၊ ၁၇၇၊ ၂၀၁၊ ၂၀၂၊ ၂၁၂၊ ၂၁၆ နှင့် ၄၄၁ တို့တွင် “ပြစ်မှု” ဆိုသော စကားရပ်သည် ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်စီရင်ထိုက်သောအရာအပြင် အထူးဥပဒေအရ သို့မဟုတ် ဒေသန္တရ ဥပဒေအရ ငွေဒဏ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထောင်ဒဏ်ခြောက်လထက်မနည်း ပြစ်ဒဏ်စီရင် ထိုက်သောအရာများလည်း ပါဝင်သည်။



ကျင့်ထုံး