ပုဒ်မ ၄၁၄
ပုဒ်မ ၄၁၄
အကျဉ်းနည်းဖြင့် ပြစ်မှုထင်ရှား စီရင်သည့် စီရင်ချက်အချို့ကို အယူမခံရခြင်း

အထက်က မည်သို့ပင်ပါရှိစေကာမူ ပုဒ်မ ၂၆၀ အရ ဆောင်ရွက်ရန် အခွင့် အာဏာရရှိသည့် ရာဇဝတ်တရားသူကြီးတစ်ဦးက အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်သော အမှုတစ်စုံတစ်ရာတွင် တစ်လထက်မပိုသော ထောင်ဒဏ်၊ သို့မဟုတ် ကျပ်ငွေ နှစ်သောင်းထက်မပိုသော ငွေဒဏ်ကို ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက အယူခံဝင်ခွင့်မရှိစေရ၊ (ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆/၂၀၁၆)