ပုဒ်မ ၁၃၃
ပုဒ်မ ၁၃၃
ပြစ်မှုကျူးလွန်ရာတွင်ကြံရာပါ

ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါတစ်ဦးသည် တရားခံနှင့်ဆန့်ကျင်၍ သက်သေအဖြစ် အစစ်ခံနိုင် ခွင့်ရှိသူဖြစ်ရမည်။အခြားအထောက်အကူပြုသော သက်သေခံချက်မရှိဘဲအဆိုပါကြံရာပါတစ်ဦး၏ သက်သေခံချက်အပေါ်တွင်သာ အခြေပြု၍ တရားခံအားပြစ်မှုထင်ရှားစီရင်ခြင်းသည်တရားနှင့်မညီမဖြစ်စေရ။