လွှဲအပ်တင်ပို့ပြီးနောက် စီရင်ချက်မချမီ မည်သည့်အခါမဆို လွှဲအပ်တင်ပို့ခြင်း ခံရသည့်တရားရုံးက ၎င်းပြစ်မှုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ၊ သို့မဟုတ် ကြံရာပါဟုယူဆရသူ တစ်ဦးတစ်ယောက်၏ သက်ဓသခံချက်ကို စစ်ဆေးစီရင်မှုတွင်ရရှိရန်အလို့ငှာ ၎င်းထံ စည်းကမ်းချက်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်၊ သို့မဟုတ် ၎င်းစည်းကမ်းချက်မျိုးနှင့် ဆိုခဲ့သည့်အတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အမှုလွှဲအပ်တင်ပို့သည့် ရာဇဝတ်ဘရားသူကြီးအား ဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီး အားဖြစ်စေ အမိန့်ထုတ်ဆင့်နိုင်သည်။