ပုဒ်မ ၃၁၃
ပုဒ်မ ၃၁၃
ရိုးရိုးနှင့် အထူးဂျူရီလူကြီးများစာရင်း

(၁) တရားရုံးအရာရှိသည် နှစ်စဉ် ဧပြီလ ၁ ရက်နေ့မတိုင်မီ တရားလွှတ်တော် အခါအားလျော်စွာ သတ်မှတ်သည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ အောက်ပါ စာရင်း များကို ပြုစုရမည် -

(က) ရိုးရိုးဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်အားလုံး၏ စာရင်း၊

(ခ) အထူး ဂျူရီလူကြီးများအဖြစ်သာ ဆောင်ရွက်ရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များစာရင်း။

(၂) အထူး ဂျူရီလူကြီးများစာရင်းပြုစုသောအခါ စာရင်းတွင် ထည့်သွင်းသည့် ပုဂ္ဂိုလ်တို့၏ ပစ္စည်းပိုင်ဆိုင်မှု၊ အကျင့်စာရိတ္တနှင့် ပညာအရည်အချင်းတို့ကို ထောက်ထားရန်လိုသည်။

(၃) ယခင်နှစ်က အထူးဂျူရီလူကြီးများစာရင်းတွင် ထည့်သွင်းခံရခြင်းရှိရုံမျှဖြင့် အထူးဂျရီလူကြီး စာရင်းတွင် ၎င်း၏အမည် ထည့်သွင်းပေးရမည်ဟု တောင်းဆိုရန် မည်သူမျှ အခွင့်အရေး မရှိစေရ။

(၃က) ပြည်ထောင်စုပါလီမန်၏ လွှတ်တော်နှစ်ရပ်မှ အမတ်များသည် ဂျူရီလူကြီး အဖြစ် ဆောင်ရွက်ရန် တာဝန်မှ ကင်းလွတ်ခွင့်ရသည်။

(၄) မည်သည့် အစိုးရလစာရဝန်ထမ်းမဆို ဂျူရီလူကြီးအဖြစ် ဆောင်ရွက်ရန် တာဝန်မှ နိုင်ငံတော်သမ္မတက ကင်းလွတ်ခွင့်ပေးနိုင်သည်။

စာရင်းပြုစုသူ အရာရှိ၏’ သဘောအတိုင်းဆောင်ရွက်ခွင့်။

(၅) တရားရုံးအရာရှိသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ ၎င်းအနေနှင့် သင့်တော်မည်ဟု ထင်မြင်ပါက မိမိသဘောအတိုင်း အဆိုပါ စာရင်းကို ပြုစုနိုင်သည်။ ၎င်း၏ဆုံးဖြတ်ချက်ကို အယူခံခြင်း၊ ပြန်လည် သုံးသပ်ခြင်း မရှိစေရ။