ပုဒ်မ ၈
ပုဒ်မ ၈
ခရိုင်များကို ခရိုင်ခွဲများအဖြစ် ခွဲခြားနိုင်ခွင့်အာဏာ

(၁) နိုင်ငံတော်သမ္မတသည် မည်သည့် ခရိုင်ကိုမဆို ခရိုင်ခွဲများအဖြစ်လည်းကောင်း၊ ထိုခရိုင် ၏ အစိတ်အပိုင်းကို ခရိုင်ခွဲအဖြစ်လည်းကောင်း ခွဲခြားနိုင်သည့်အပြင် ခရိုင်ခွဲများ၏ နယ်နိမိတ် အပိုင်းအခြားများကိုလည်း ပြောင်းလဲပြင်ဆင်နိုင်သည်။ တည်ရှိရင်း ခရိုင်ခွဲ များကို ဆက်လက်တည်စေခြင်း

(၂) တရားသူကြီး၏ လက်ရှိ အုပ်ချုပ်မှုအောက်ရှိ တည်ရှိရင်း ခရိုင်ခွဲများသည် ဤဥပဒေအရ သတ်မှတ်ထားဘိသကဲ့သို မှတ်ယူရမည်။