(ရာဇသတ်ကြီးပုဒ်မ ၁၂၇၊ ပုဒ်မ ၁၇၁-စ၊ သူတစ်ပါး အယောင်ဆောင်မှုနှင့် စပ်လျဉ်းသမျှနှင့် ပုဒ်မ ၁၇၁- ည) တို့မှအပ ၎င်းဥပဒေ အခန်း-၆ သို့မဟုတ် ၆-ခ သို့မဟုတ် ၉-က သို့မဟုတ် ပုဒ်မ ၁ဝ၈-က သို့မဟုတ် ၁၅၃-က သို့မဟုတ် ၂၉၄-က အရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို နိုင်ငံတော် သမ္မတ၏ အမိန့်အရဖြစ်စေ၊ နိုင်ငံတော်သမ္မတထံမှ အခွင့်အမိန့် အရဖြစ်စေ၊ ဤကိစ္စ အလို့ငှာ နိုင်ငံတော် သမ္မတက အာဏာအပ်နှင်းထားသော အရာရှိကဖြစ်စေ တိုင်တန်းချက် မပြုဘဲ မည်သည့်တရားရုံးကမျှ အရေးမယူရ