ပုဒ်မ ၄၁၈
ပုဒ်မ ၄၁၈
မည်သည့်အချက်ကို အကြောင်းပြု၍ အယူခံခွင့်ရှိခြင်း

(၁) အမှုအကြောင်းခြင်းရာအချက်အလက်နှင့် ဥပဒေကြောင်းဆိုင်ရာ အချက် အလက်များအပေါ် အယူခံနိုင်သော်လည်း အမှုကို ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်မှုတွင် ဥပဒေကြောင်း အချက်အလက်အပေါ်သာ အယူခံခွင့်ရှိသည်။

(၂) ပုဒ်မခွဲ(၁)၊သို့မဟုတ် ပုဒ်မ ၄၂ ၃၊ ပုဒ်မခွဲ (၂) တွင် မည်သို့ပင် ပါရှိစေကာမူ ဂျူရီလူကြီးများဖြင့် စစ်ဆေးစီရင်သည့်အမှုတွင် တစ်ဦးတစ်ယောက်ကို သေဒဏ်စီရင်သည့်အခါ ထိုကဲ့သို့ စီရင်ခြင်းခံရသူနှင့်အတူ တစ်မှုတည်းတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် အခြားတစ်ဦးတစ်ယောက်မှာလည်း အမှုအကြောင်းခြင်းရာ အချက်အလက်နှင့် ဥပဒေကြောင်းဆိုင်ရာ အချက်အလက်များကိုပါ အကြောင်းပြု၍ အယူခံနိုင်သည်။

ရှင်းလင်းချက် – ပြစ်ဒဏ်ပြင်းထန်သည်ဟူသောအချက်ကို ဤပုဒ်မပါကိစ္စများအလို့ငှာ ဥပဒေကြောင်းဆိုင်ရာအချက် ဖြစ်သည်ဟု မှတ်ယူရမည်။