တရားမ၊ အခွန်နှင့် ပြစ်မှုဆိုင်ရာ တရားရုံးများက ဆိုခဲ့သည့်ပြစ်မှုနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၇၆၊ ပုဒ်မခွဲ (၁) အရ တိုင်တန်းခြင်းမပြုသော၊ သို့မဟုတ် ယင်းကဲ့သို့ တိုင်တန်းသည့် လျှောက်လွှာကို ပယ်သော မည်သည့်အမှုမျိုးတွင်မဆို ပုဒ်မ ၄၇၆ ပုဒ်မခွဲ (၁)တွင် ရည်ညွှန်း ထားခဲ့သည့် တရားရုံးတစ်ရုံး၌ဖြစ်စေ၊ အဆိုပါ တရားရုံးတစ်ရုံးမှ စစ်ဆေးစီရင်မှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ကျုးလွန်ခဲ့သည်ဟု စွပ်စွဲထားသော မည်သည့်ပြစ်မှုနှင့်မဆို စပ်လျဉ်းပြီး ထိုပုဒ်မခွဲက ဆိုခဲ့သည့်တရားရုံးများအား အပ်နှင်းသည့်အာဏာကို ပုဒ်မ ၁၉၅ ပုဒ်မခွဲ(၃)၏ အဓိပ္ပာယ်အရ အဆိုပါရုံးများကို ကြီးကြပ်ကွပ်ကဲသည့် အထက်တရားရုံးက သုံးစွဲခွင့်ရှိသည်။ ထိုအထက် တရားရုံးက ယင်းကဲ့သို့ တိုင်တန်းလျှင် ပုဒ်မ ၄၇၆ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။