မည်သည့် အယူခံရုံး၊ အတည်ပြုရုံး၊ စောဒကရုံး၊ သို့မဟုတ် ပြင်ဆင်မှုရုံးကမဆို လက်အောက်တရားရုံးတစ်ရုံးက ပုဒ်မ ၅၁၇၊ ပုဒ်မ ၅၁ဂ၊ သို့မဟုတ် ပုဒ်မ ၅၁၉ တို့အရ ချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို ၎င်းတရားရုံးက စဉ်းစားဆင်ခြင်နေစဉ်အတွင်း ဆိုင်းငံ့ထားစေရန် ညွှန်ကြားနိုင်သည့်အပြင် ၎င်းအမိန့်ကို ပြောင်းလဲပြင်ဆင်၊ သို့မဟုတ် ပယ်ဖျက်နိုင် သည်။ ထို့ပြင် တရားမျှတသည့် အမိန့်တစ်ရပ်ရပ်ကိုလည်း နောက်ထပ်ချမှတ်နိုင်ခွင့်ရှိသည်။