ပစ္စည်းကို ဝရမ်းကပ်ပြီးနောက် ထိုသို့ဝရမ်းကပ်ခြင်းနှင့် ဆန့်ကျင်၍ ဝရမ်းကပ်သည့် ပစ္စည်းကို ဖြစ်စေ၊ ထိုပစ္စည်းတွင်ရှိသော အကျိုးခံစားခွင့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တရားရုံးပြင်ပတွင် အချင်းချင်း အလွှဲအပြောင်းပြုခြင်း သို့မဟုတ် ပေးအပ်ခြင်းနှင့် တရားရှုံးအား ကြွေးမြီကို သို့မဟုတ် အမြတ်ဝေစုကို သို့မဟုတ် အခြားငွေကြေးကို ပေးဆပ်ခြင်းသည် ဝရမ်းအရ အတည်ပြု၍ ရနိုင်သော တောင်းဆိုပိုင်ခွင့် အရပ်ရပ်နှင့် စပ်လျဉ်း၍ ပျက်ပြယ်သည်။
ရှင်းလင်းချက် ။ ။ ဤပုဒ်မပါ ကိစ္စများအလို့ငှာ ဝရမ်းအရ အတည်ပြု၍ ရနိုင်သော တောင်းဆိုပိုင်ခွင့်များတွင် ငွေများကို အချိုးကျ ခွဲဝေရယူလိုကြောင်း တောင်းဆိုပိုင်ခွင့်များလည်း ပါဝင်သည်။