ပုဒ်မ ၁၆၀
ပုဒ်မ ၁၆၀
သက်သေများရောက်ရှိစေရန် ရဲအရာရှိက ဆင့်ဆိုနိုင်သည့်အာဏာ

ဤအခန်းအရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့်ရဲအရာရှိမဆိုပေးသော သတင်းအရဖြစ်စေ အခြားနည်းအရဖြစ်စေ၊ အမှုအဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းပုံပေါ်သော မိမိ ရဲစခန်းနယ်မြေအတွင်း သို့မဟုတ် ဆက်စပ်နေသော ရဲစခန်းနယ်မြေအတွင်းရှိ မည်သူ့ကိုမဆို မိမိ ရှေ့သို့ ရောက်ရှိစေရန် အမိန့်စာဖြင့် ဆင့်ဆိုနိုင်သည်။