မှားယွင်းမှု၊ လိမ်လည်မျှ၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် မလုံ လောက်သော အာမခံသူများကို လက်ခံထားပြီးဖြစ်လျှင်၊ သို့မဟုတ် ထိုအာမခံသူများသည် နောက်ပိုင်းတွင် မလုံလောက်ဖြစ်လာလျှင် တရားရုံးသည် အာမခံဖြင့် လွှတ်ထားသူကို ရှေ့သို့ ခေါ်ဆောင်လာရန် ညွှန်ကြားချက်ဖြင့် လူဖမ်းဝရမ်းတစ်စောင် ထုတ်ပေးနိုင်သည်။ ထို့ပြင် ထိုသူကို လုံလောက်သောအာမခံသူများ ရှာပေးရန် အမိန့်ချမှတ်နိုင်သည်။ ထိုသူက ညွှန်ကြား ချက်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သော် ၎င်းအား အကျဉ်းထောင်သို့ပို့နိုင်သည်။